အသုံးပြုတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတွေ
YotePlay အကောင့်၊ ကြည့်ခွင့်နဲ့ ငွေပေးချေမှုအတွက် သိထားဖို့ပါ။
ကိုယ့်အကောင့်
Password နဲ့ အတည်ပြု code ကို တခြားသူကို မပေးပါနဲ့။ Profile တစ်ခုချင်းစီကို PIN ၄ လုံးနဲ့ ပိတ်ထားလို့ရသလို မထားလည်း ရပါတယ်။ အကောင့်နဲ့ လုံခြုံရေး setting တွေ ပြောင်းလိုက်ရင် စက်တွေက အကောင့်ထွက်သွားတာ၊ ဖွင့်ထားတဲ့ ဗီဒီယိုရပ်သွားတာ ဖြစ်နိုင်ပါတယ်။
Plan နဲ့ ငွေပေးချေမှု
မဝယ်ခင် ဈေးနှုန်း၊ သုံးလို့ရတဲ့စက်နဲ့ တစ်ပြိုင်နက်ကြည့်ခွင့်ကို စစ်ပါ။ ငွေပေးချေမှု အတည်ပြုပြီးမှ ကြည့်ခွင့်စပါတယ်။ ကြည့်ခွင့်ရက်တွေကို Membership မှာ ကြည့်လို့ရပါတယ်။ ဝယ်ပြီးသား ကြည့်ခွင့်ကတော့ ဝယ်တုန်းက သတ်မှတ်ချက်အတိုင်း ဆက်ရှိပါတယ်။
ရုပ်ရှင်ကြည့်တာနဲ့ ပတ်သက်လို့
ဇာတ်ကား၊ episode နဲ့ ဗီဒီယိုအရည်အသွေးက တစ်ကားနဲ့တစ်ကား မတူနိုင်ပါဘူး။ မူပိုင်ခွင့်ပိုင်ရှင်က ခွင့်ပြုထားတဲ့အတိုင်းပဲ သုံးပါ။ ကြည့်ခွင့်ကန့်သတ်ချက်တွေကို ကျော်ဖို့ မကြိုးစားပါနဲ့။ အကောင့်ရဲ့ သတ်မှတ်ချက်ထက်ကျော်ပြီး အကောင့်ဝင်တဲ့အချက်အလက်တွေကို မမျှဝေပါနဲ့။
ငွေလွှဲပြဿနာနဲ့ ငွေပြန်အမ်းဖို့ မေးချင်ရင်
ငွေလွှဲမှားတာ၊ ပြေစာ အတည်မပြုတာ၊ ကြည့်ခွင့်မရတာ ဒါမှမဟုတ် ငွေပြန်အမ်းဖို့ မေးချင်တာရှိရင် Transaction ID နဲ့အတူ Support ကို ဆက်သွယ်ပါ။ Password နဲ့ အတည်ပြု code မပို့ပါနဲ့။ ပြေစာကို အလိုအလျောက် အတည်ပြုတာ မဟုတ်ပါဘူး။ စစ်ဆေးချိန်ကိုလည်း အတိအကျ မပြောနိုင်သေးပါဘူး။
အပြောင်းအလဲနဲ့ အကူအညီ
နောက်တစ်ခါဝယ်တဲ့အခါ Plan ကမ်းလှမ်းချက်တွေ ပြောင်းနိုင်ပါတယ်။ အကောင့်၊ ဝယ်ထားတဲ့ Plan ဒါမှမဟုတ် ဒီစည်းမျဉ်းတွေအကြောင်း မေးချင်ရင် ဆက်သွယ်ရန် စာမျက်နှာကနေ မေးလို့ရပါတယ်။